Rent 2 Own

လစဉ်ပေးစနစ်

မိုဘိုင်းဖုန်းတွေကို အွန်လိုင်းကနေလျှောက်ကြရအောင်

မိုဘိုင်းဖုန်းအသစ်လဲဖို့စိတ်ကူးနေတာလား ? ဖုန်းအသစ်လဲကိုင်ချင်တယ် ပိုက်ဆံလဲ တစ်လုံးတခဲထဲမသုံးချင်ဘူးဆိုတဲ့ ရန်ကုန်မြို့က လူကြီးမင်းများအတွက် Rent2Own မှ လစဉ်ပေးစနစ်ဖြင့် ၀န်ဆောင်မှုများပေးနေပါပြီ။

အခမဲ့ လျှောက်ထားရန်
20–50%
ကနဦးပေးသွင်းငွေ
6·9·12
လစဉ်ကာလ
ရန်ကုန်
မြို့နယ်အားလုံး
ရရှိနိုင်သော ၀န်ဆောင်မှု

မည်သည့်ဖုန်းအမှတ်တံဆိပ်ကိုမဆို လစဉ်ပေးစနစ်ဖြင့် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သတင်းကောင်း ပါးလိုက်ပါရစေ

သိထားသင့်သည့်အချက်များ

  1. ကနဉီးပေးသွင်းငွေ နှင့် စာချုပ်သက်တမ်း

    မိမိဝယ်ယူတဲ့ ဖုန်းအမျိုးအစားအပေါ်မူတည်ပြီး ကနဉီးပေးသွင်းငွေကို ၂၀% မှ ၅၀% ထိ သွင်းနိုင်အောင်စီစဉ်ပေးထားပါတယ်။ မိမိအဆင်ပြေမယ့်ပမာဏကို ရွေးချယ်ပေးသွင်းနိုင်ပြီး လစဉ်ပေးသွင်းရမည့်ကာလကိုလည်း ၆လ ၊ ၉လ ၊ ၁၂လ စသည်ဖြင့်မိမိစိတ်တိုင်းကျ ရွေးချယ်လျှောက်ထားနိုင်ပါသည်။

  2. လိုအပ်သောစာရွက်စာတမ်း

    (၁) မှတ်ပုံတင် (မူရင်း)
    (၂) အိမ်ထောင်စုစာရင်း (မူရင်း)
    (အိမ်ထောင်စုစာရင်းပါလိပ်စာနှင့်လက်ရှိနေထိုင်သောလိပ်စာပြောင်းလဲမှုရှိပါကယာယီနေထိုင်မှုမှတ်တမ်းပြရန်)
    (၃) ရပ်ကွက်ထောက်ခံစာ(၃ပါတ်အတွင်းပြုလုပ် ထားသော)
    (သို့မဟုတ်)
    နေရပ်လိပ်စာကိုအတည်ပြု ပြသနိုင်သောပြေစာတမျိုးမျိုး
    (လျှောက်ထားသူ၏ နာမည်ပါ၀င်သော မီတာခွန်၊ ရေခွန်၊ အင်တာနက်ဘီလ်၊ စသည့်...)

  3. လျှောက်လွှာဖြည့်ခြင်း

    အွန်လိုင်းကနေလျှောက်ထားလိုတယ်ဆိုရင်တော့လိုအပ်တဲ့အချက်အလက်များကိုအောက်ပါဖောင်တွင်ဖြည့်စွက်ကာစာရင်းပေးသွင်းနိုင်ပါပြီ။

    ဖောင်ဖြည့်စွက် စာရင်းသွင်းပြီးပြီဆိုရင်တော့ Rent 2 Own မှ မိတ်ဆွေထံသို့ ၂၄ နာရီအတွင်း ဖုန်းပြန်လည်ခေါ်ဆိုပေးပြီး လျှောက်ထားမှုကို အတည်ပြုပေးမှာဖြစ်ပါတယ်။

  4. ဘယ်မြို့နယ်တွေ လျှောက်လို့ရလဲ

    ရန်ကုန်မြို့အတွင်း မည်သည့်မြို့နယ်ကမဆို လျှောက် ထားနိုင်ပါတယ်။

  5. ဖုန်းကို ဘယ်လိုယူရမလဲ

    ဖုန်းလျှောက်ထားမှု အောင်မြင်သွားပြီဆိုရင်တော့ လူကြီးမင်းနှင့်နီးစပ်ရာ Rent2Own နှင့် ချိတ်ဆက်ထားတဲ့ ဖုန်းဆိုင်ကို သွားရောက်ကာ ကနဉီးပေးသွင်းငွေကိုပေးသွင်းပြီး ဖုန်းထုတ်ယူလို့ရပါပြီ။

    (မှတ်ချက် ။ ။ ငွေကြိုလွှဲရန်မလိုပါ။ ငွေကြိုလွှဲခိုင်းပါက Rent2Own မဟုတ်ပါ)

Facebook Page/ Group/ Viber အတုများဖြင့် လိမ်လည်နေမှု သတိပြု

Rent2Own ဟုအမည်ခံကာ Facebook Page/Group/Viber အတုများဖြင့် မသမာသူများမှ ငွေကြေးလိမ်လည်မှုများ ပြုလုပ်လျက်ရှိပါသည်။ Rent2Own Facebook Group မရှိပါ။
Likes & Followers ၄သိန်းကျော်ရှိသော Facebook Page တစ်ခုထဲသာ Rent2Own Official Facebook Page အစစ်ဖြစ်ပါသည်။
အွန်လိုင်းမှ လျှောက်ထားရာတွင် မည်သူ့ကိုမျှ ငွေကြိုလွှဲခိုင်းခြင်း လုံးဝ(လုံးဝ) မရှိပါ။ အကယ်၍ ဖုန်းလျှောက်ထားခြင်းအတွက် Viber/ Facebook Messenger နှင့် ဖုန်းခေါ်ဆိုဆက်သွယ်ပြီး ငွေကြိုလွှဲခိုင်းပါက Rent2Own မဟုတ်ပါကြောင်း လေးစားစွာအသိပေးအပ်ပါသည်။

Official channels

အောက်ပါ Digital Channel များသည်သာ Rent2Own Myanmar Official Digital Channel များ ဖြစ်ပါသည်။ ပုံကိုနှိပ်၍ ဝင်ရောက်လေ့လာနိုင်ပါသည်။

အောက်ပါဖောင်ကို ဖြည့်၍ အခမဲ့ လျှောက်ထားနိုင်ပါပြီ

09

Rent 2 Own မှ မိတ်ဆွေထံသို့ ၂၄ နာရီအတွင်း ဖုန်းပြန်လည်ခေါ်ဆိုပေးပြီး လျှောက်ထားမှုကို အတည်ပြုပေးမှာဖြစ်ပါတယ်။

အွန်လိုင်းမှ လျှောက်ထားရာတွင် မည်သူ့ကိုမျှ ငွေကြိုလွှဲခိုင်းခြင်း လုံးဝ(လုံးဝ) မရှိပါ။